ဘီဘီစီက ထရမ့်ကို တောင်းပန်ပေမဲ့ နစ်နာကြေး ပေးဖို့ ငြင်းဆန်

ဗီဒီယို ပုံစာ, ဘီဘီစီက ထရမ့်ကို တောင်းပန်လိုက်ပေမယ့် နစ်နာကြေး ပေးဖို့ ငြင်းဆန်
ဘီဘီစီက ထရမ့်ကို တောင်းပန်ပေမဲ့ နစ်နာကြေး ပေးဖို့ ငြင်းဆန်

ဘီဘီစီမှာ မနှစ်တုန်းက ပန်နိုရားမား အစီအစဉ်က လွှင့်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းကို တည်းဖြတ်တင်ဆက်ခဲ့နဲ့ပတ်သက်လို့ တရားစွဲပြီး ဒေါ်လာ တစ်ဘီလျံလျော်ကြေး တောင်းမယ်လို့ ထရမ့်ဘက်က ခြိမ်းခြောက်တဲ့အပေါ် ဘီဘီစီကတုံ့ပြန်လိုက်ပါတယ်။

ဘီဘီစီက မစ္စတာ ထရမ့်ကို တောင်းပန်လိုက်ပြီး ဒီရုပ်သံဖိုင်ကို တည်းဖြတ်မိတဲ့အတွက် ရိုးသားစွာ စိတ်မကောင်း ဖြစ်မိပေမယ့် အသရေဖျက်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဆိုတဲ့အချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို ဘီဘီစီဘက်က ပြန်ရုပ်သိမ်းပေးပြီး မစ္စတာ ထရမ့်ကို တောင်းပန်ကာ ထိုက်သင့်တဲ့ နစ်နာကြေးပေးရမယ်၊ အဲ့ဒါတွေ မလုပ်ရင် ဥပဒေကြောင်းအရ တရားစွဲမယ်လို့ ဆိုကာ ဘီဘီစီဘက်က အကြောင်းပြန်ရမယ့် ရက်ကို မစ္စတာထရမ့် ရှေ့နေတွေက ဒီနေ့ သောကြာလို့ သတ်မှတ်ထားပါတယ်။

တချိန်တည်းမှာ တယ်လီဂရမ်ဖ် နေ့စဉ် သတင်းစာကြီးက ဒေါ်နယ်ထရမ့်ရဲ့ အဲဒီမိန့်ခွန်းကိုဘဲ ၂၀၂၂ တုန်းက ဘီဘီစီရဲ့ News Night အစီအစဉ်မှာ တည်းဖြတ် အသုံးပြုထားတာကို ဖော်ပြလိုက်ပြီး ဘီဘီစီက ပရိသတ်ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတယ်လို့ ထပ်မံစွပ်စွဲ ထောက်ပြထားပါတယ်။ဘီဘီစီ သတင်းထောက် ဒေးဗစ် ဆိုလစ်တို ရဲ့ သတင်းပေးပို့ချက်ကို ကိုဇေယျာက စုစည်း တင်ပြပေးထားပါတယ်။