ပဋိပက္ခ ဒေသတွေမှာ သင်္ကြန်ကာလကို ဘယ်လို ဖြတ်သန်းနေသလဲ
ပဋိပက္ခ ဒေသတွေမှာ သင်္ကြန်ကာလကို ဘယ်လို ဖြတ်သန်းနေသလဲ
စက်သုံးဆီရှားပါးမှုကြားကပဲ အစိုးရသစ်လက်ထက် ပထမဆုံးသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ်နဲ့ စည်ကားအောင် မြို့နယ်စုံမှာကျင်းပဖို့ ညွှန်ကြားပြီး ကျင်းပနေတာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတချို့ကလွဲလို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်စတဲ့ ပြည်နယ်တွေမှာ ပဋိပက္ခနဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ နေထိုင်သူတွေ သင်္ကြန်ကို ဘယ်လို ဖြတ်သန်းနေကြရပါသလဲ။ မရွှေပိုးနီက ပြောပြမှာပါ။



