မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုတွေ ဘာကြောင့် များလာသလဲ

မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုတွေ ဘာကြောင့် များလာသလဲ

မြန်မာနိုင်ငံထဲမှာ ဥပဒေမဲ့ ခိုးဆိုးလုယက်တာ၊ နေအိမ်ဖောက်ထွင်းတာ၊ လုယက် အဓမ္မကျင့်ဖို့ ကြံစည်တာတွေ ခပ်စိပ်စိပ် ဖြစ်နေတာတွေ့ရပါတယ်။ ကျုးလွန်ခံရသူတွေက လူမှုကွန်ရက် အွန်လိုင်းပေါ် တင်ကြလို့ လူတွေသိရတာဖြစ်ပြီး အများမသိတဲ့ ဖြစ်ရပ်တွေလည်း အများကြီးရှိတယ်လို့ ကျူးလွန်ခံရသူတွေက ဘီဘီစီကို ပြောပါတယ်။ ဘာကြောင့် အခုလိုတွေအဖြစ်များနေရတာလဲ၊ ပြည်သူတွေနဲ့ ဥပဒေပညာရှင်တချို့ရဲ့ ထောက်ပြ ပြောဆိုမှုတွေအကြောင်း အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။