ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦး ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ ၃၀ ကျော် သေဆုံးခဲ့ရ
မြောက်ဦး ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ ၃၀ ကျော် သေဆုံးခဲ့ရ
အာရက္ခ တပ်တော် အေအေ ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က ခရိုင် အဆင့် ဆေးရုံကြီးကို မနေ့ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ကျော် သေဆုံးပြီး၊ နောက်ထပ် လူ အယောက် ၇၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေထဲမှာ အသက် အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေ ရှိတာကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အေအေ ဘက်က ပြောကြားပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ ဒီသတင်းထဲမှာ စိတ်မချမ်းမြေ့စရာ ပုံတွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။