ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား ကျောင်းပြိုကျမှု အသက်ရှင် ကျန်ရစ်သူ မရှိတော့
အင်ဒိုနီးရှား ကျောင်းပြိုကျမှု အသက်ရှင် ကျန်ရစ်သူ မရှိတော့
အင်ဒိုနီးရှား နိုင်ငံ၊ အရှေ့ဂျာဗားမှာ တနင်္လာနေ့က ကျောင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးပုံတွေ အောက်မှာ အသက်ရှင် ကျန်ရစ်သူ မရှိတော့ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားပါတယ်။ အစ္စလာမ္မစ် ကျောင်းမှာ ကျောင်းသား ရာနဲ့ချီ ရှိနေပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ အခုတော့ အပျက်အစီးတွေကို ဖယ်ရှားဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက စက်ယန္တရားတွေကို စတင် အသုံးပြုတော့မှာလည်း ဖြစ်ပါတယ်။ ဘီဘီစီ ကမ္ဘာတလွှား ဌာနက ဆေလ်ဗာနို ဟာဂျစ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။