ဂါဇာမြောက်ပိုင်းက လူနေရပ်ကွက်အပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်းအနည်းဆုံး ၈၇ ဦး သေဆုံး

ဂါဇာမြောက်ပိုင်းက လူနေရပ်ကွက်အပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်းအနည်းဆုံး ၈၇ ဦး သေဆုံး

ဂါဇာမြောက်ပိုင်းက ဘေ့တ် လာဟီယာ ဆိုတဲ့ လူနေရပ်ကွက်တစ်ခုအပေါ် သီတင်းပတ်ကုန် ရက်ပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရအပြီး ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၈၇ ဦး သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးအစိုးရက ဘီဘီစီကိုရော တခြား နိုင်ငံတကာ သတင်းမီဒီယာတွေကိုပါ ဂါဇာဒေသထဲ ဝင်သတင်းယူခွင့် တားမြစ်ထားတာမို့ ဂါဇာနဲ့ ကပ်ရက်နယ်စပ် အစ္စရေးတောင်ပိုင်းကနေ ဘီဘီစီ သတင်းထောက် ဖာဂယ်လ် ကီးန် သတင်းပေးပို့ထားတာကို ကိုမိုးမြင့်က ပြောပြမှာပါ။ ဒီသတင်းအစပိုင်းမှာ စိတ်မချမ်းမြေ့စရာပုံရိပ်တွေ ပါဝင်နေကြောင်းကို ကြိုတင် အသိပေးပါရစေ။