နေပြည်တော်ကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်ဟာ မေလ ၂ ရက် ဒီကနေ့ မှာ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ် သူက တရုတ်နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်စဥ် ပထမဆုံးလာရောက်တာဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ မြန်မာရုပ်သံက ထုတ်လွှင့်သွားပါတယ်။

တရုတ်ကိုယ်စားလှယ်အချို့ မြန်မာပြည်ခရီးစဥ်လာတိုင်း သမ္မတဟောင်းဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး‌ဟောင်း သန်းရွှေတို့နဲ့ တွေ့ဆုံလေ့ရှိသလို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပြည်တွင်းမီဒီယာတချို့မှာလည်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊သမ္မတဟောင်း ဦးသိန်းစိန်တို့နဲလည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။

တရုတ် နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟာ ချင်းဂန်ဟာ မေလ ၂ ရက်ကနေ ၄ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ အထူးသံ ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို လာရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံရဲ့ အထူးသံ ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို လာရောက်ခဲ့

မစ္စတာ ချင်းဂန်ဟာ မြန်မာနိုင်ငံကို မလာရောက်မီ တရုတ်-မြန်မာနယ်စပ်ကို လည်ပတ်ခဲ့ပြီး နယ်စပ်လုံခြုံရေးကို စစ်ဆေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် မစ္စတာ ချင်းဂန်ဟာ နေပြည်တော်ကို ရောက်မလာခင် မေလ ၁ ရက်နေ့က မြို့တော် ဘေကျင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးကို ဆွေးနွေးခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံ ခရီးစဥ်လာရောက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာစာမျက်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်နေမှုကို ပြသခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်ကို ရောက်ရှိလာပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံအပြီး ညနေပိုင်းမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီဥက္ကဋ္ဌအပြင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ လည်းတွေ့ဆုံမယ်လို့ သတင်းတွေ ထွက်နေပေမယ့် လတ်တလော အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

အခုလို သူတို့နဲ့တွေဆုံဖို့လုပ်တာဟာ တရုတ်ဘက်က အာဏာရှင်ဟောင်းကြီးတွေမှာ တစ်စုံတစ်ရာ သြဇာရှိနိုင်တယ် အာဏာရှိနိုင်တယ်ဆိုတာကို ဝင်ပြီးတီးခေါက်ကြည့်တာ ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ အစိုးရအရာရှိကြီးဟောင်းတစ်ဦးကတော့ နိုင်ငံတကာအမြင်မှာ အခုလက်ရှိအကျပ်အတည်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ် ပြန်လည်ညှိနှိုင်းမှသာရမယ်လို့ ယုံကြည်နေကြပြီး အဲဒီလို လုပ်ခဲ့ဖူးသူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆက်ဆံမှုတွေရှိခဲ့ဖူးသလို လက်ရှိခေါင်းဆောင်တွေပါ်မှာလည်း ပြောနိုင်ဆိုနိုင်သူ၊ ရင်ကြားစေ့ရေးကို လုပ်ခဲ့တဲ့အတွေ့အကြုံရှိသူ သမ္မတ ဦးသိန်းစိန်သာ ရှိတာကြောင့် နိုင်ငံတကာက တွေ့ဖို့ခွင့်တောင်းတာတွေရှိလာတာလို့သုံးသပ်ပါတယ်။

ဒါ့အပြင် တရုတ်ကလည်း မြန်မာ့အရေးမှာ ကြားဝင် စေ့စပ်ပေးသူအဖြစ် ရပ်တည်လိုတဲ့ အရိပ်အယောင်မျိုး ပြသလာတာဖြစ်တယ်လို့ သုံးသပ်ယူဆတာတွေလည်း ရှိလာနေပါတယ်။