ဂျိုး ဘိုင်ဒန်ကို ထောက်ခံတယ်လို့ မစ္စတာ ပူတင်ပြောဆို

ဗီဒီယို ပုံစာ, ဂျိုး ဘိုင်ဒန်ကို ထောက်ခံတယ်လို့ မစ္စတာ ပူတင်ပြောဆို
ဂျိုး ဘိုင်ဒန်ကို ထောက်ခံတယ်လို့ မစ္စတာ ပူတင်ပြောဆို

အခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် အစား လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကိုသာ အနိုင်ရစေချင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။ အတွေ့အကြုံများပြီး ကြိုတင် တွက်ဆလို့ ရတဲ့ မစ္စတာ ဘိုင်ဒန်နဲ့ အတူ အလုပ် လုပ်ချင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာ နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ ပူတင်က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဘီဘီစီ ရုရှား ရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။