ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟားခါးအနီးက စစ်တပ်စခန်းတွေကို ချင်းကာကွယ်ရေး အဖွဲ့တွေ သိမ်းယူ
ဟားခါးအနီးက စစ်တပ်စခန်းတွေကို ချင်းကာကွယ်ရေး အဖွဲ့တွေ သိမ်းယူ
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့အနီးမှာ စစ်တပ် စခန်းသိမ်းတိုက်ပွဲတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဟားခါးနဲ့ ထန်တလန်လမ်းခွဲကြားက စစ်တပ်စခန်းပေါင်း ၃ ခု ထက်မနည်းကို ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။ မြို့တော်အနီးအထိ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတချို့ ပြောင်းရွှေ့နေရပြီး ကုန်စည်အဝင်လမ်းတချို့လည်း ပိတ်ထားရတဲ့ အခြေအနေပါ။ အကြောင်းစုံကို ကိုရင်မောင်က စုစည်းပြောပြပါမယ်။