အမေရိကန် ပြန်လာပြီလို့ ထရမ့် ပြော

ဗီဒီယို ပုံစာ, အမေရိကန် ပြန်လာပြီလို့ ထရမ့် ပြော
အမေရိကန် ပြန်လာပြီလို့ ထရမ့် ပြော

အမေရိကန်ပြည်ထောင်စုက ယူကရိန်း ကို လက်နက်ထောက်ပံ့မှုတွေကို ရပ်တန့်လိုက်သလို မက္ကဆီကိုနဲ့ ကနေဒါတို့ကိုလည်း အခွန်နှုန်းထားတွေ တိုးမြှင့် သတ်မှတ်လိုက်ပြီးနောက်မှာ သမ္မတ ထရမ့် သူ့ အစိုးရလက်ထက်မှာ အမေရိကန် ပြန်လာပြီ ဆိုပြီး ဂုဏ်ယူစွာ ကြေညာခဲ့ပါတယ်။

ကွန်ဂရက် လွှတ်တော်မှာ သမ္မတဖြစ်လာပြီးနောက် ပထမဆုံး မိန့်ခွန်းကို ၁ နာရီနဲ့ မိနစ် ၄၀ စာ စံချိန်တင် ပြောကြားခဲ့ရာမှာ သူက အစိုးရ ဝန်ထမ်းလုပ်သား အင်အားတွေ လျှော့ချနိုင်တာနဲ့ ပတ်သက်လို့ လည်း ချီးကျူးခဲ့သလို အခွန်နှုန်းသစ်တွေ နဲ့ ပတ်သက်လို့လည်း ကာကွယ်ပြောကြားခဲ့ပါတယ်။

နောက်ပြီး တခြားနိုင်ငံတွေအပေါ်မှာပါ ရှေ့လပိုင်းကစပြီး အပြန်အလှန် စည်းကြပ်မှုတွေ လုပ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ရာဇဝတ် ဂိုဏ်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြသူတွေကိုလည်း နှိမ်နင်းမယ်၊ အမေရိကန် သမိုင်းတလျှောက် အရေအတွက်အများဆုံး နှင်ထုတ်မှုတွေကို လုပ်မယ်လို့ ပြောခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် နော်မီယာ အစ်ခ်ဘားလ် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။