ကမ္ဘာ့အမြင့်ဆုံး သစ်သား လေတာဘိုင်
ကမ္ဘာ့အမြင့်ဆုံး သစ်သား လေတာဘိုင်
လေအားနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ လေရဟတ် တာဘိုင် စက်ကြီးတွေကို အရင်က စတီးလ်နဲ့ ပြုလုပ်ကြတာမျိုးသာ မြင်ရတတ်ပါတယ်။ ဒါပေမယ့် ဆွီဒင်က ပင်မ လျှပ်စစ်ဓာတ်အားလိုင်းကြီးအတွက် ဓာတ်အားတွေ ထုတ်ပေးနေတဲ့ တာဘိုင်ကြီးတခုကတော့ သစ်သားနဲ့ တည်ဆောက်ထားပါတယ်။ စပရုစ်လို့ ခေါ်တဲ့ ထင်းရှူးသားနဲ့ ပြုလုပ်ထားတဲ့ အစိတ်အပိုင်းပေါင်းများစွာကို ကော်နဲ့ကပ်ပြီး ဆက်စပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အမြင့်အားဖြင့် မီတာ ၁၀၀ ကျော် မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး သစ်သားတာဘိုင်ကြီးအကြောင်း ဘီဘီစီရဲ့ သဘာဝ ပတ်ဝန်းကျင် သတင်းထောက် ဂျိုနာ ဖစ်ရှာရဲ့ သတင်းကို ကိုမိုးမြင့် ပြောပြမှာပါ။



