ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စလင်းနဲ့ ဆင်ဖြူကျွန်း NUG ပိတ်ဆို့ထား
စလင်းနဲ့ ဆင်ဖြူကျွန်း NUG ပိတ်ဆို့ထား
မကွေးတိုင်းအနောက်ခြမ်းက စလင်းနဲ့ ပွင့်ဖြူအပါအဝင် မြို့နယ်ခြောက်ခုမှာရှိတဲ့ စစ်စခန်းတွေကို ပြီးခဲ့တဲ့ တပတ်လောက်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ဝင်တိုက်ခဲ့ပြီး လက်ရှိလည်း စလင်းနဲ့ ဆင်ဖြူကျွန်းကို ပိတ်ဆို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ထုတ်ပြန်ပါတယ်။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေအပါအဝင် လေကြောင်းကနေ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက စုစည်းပြောပြပါမယ်။