ပင်လယ်လိပ်စိမ်းလေးတွေကို ထိန်းသိမ်းစောင့်ရှောက်

ဗီဒီယို ပုံစာ, ပင်လယ်လိပ်လေးတွေကို အသားစား လိပ်ခွံအလှဆင်ဖို့ အများအပြား ဖမ်းဆီးမှုရှိလာနေ
ပင်လယ်လိပ်စိမ်းလေးတွေကို ထိန်းသိမ်းစောင့်ရှောက်

မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ပင်လယ်လိပ်စိမ်းလေးတွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ သဘာဝ တိရိစ္ဆာန် ထိန်းသိမ်းရေးအတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။ ပင်လယ် လိပ်စိမ်းလေးတွေရဲ့ အသားကို စားဖို့နဲ့ သူတို့ရဲ့ အခွံတွေကို အလှဆင်ဖို့ အများအပြား ဖမ်းဆီးမှုတွေကြောင့် အကောင်ရေ ကျဆင်းပြီး မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံး ဆိုင်ရာ စုပေါင်း ကြိုးပမ်းမှုကြောင့် အခုတော့ လိပ်စိမ်းလေးတွေရဲ့ အကောင်ရေ ပြန်လည် တိုးတက်လာခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဟယ်လန် ဘရစ်ချ် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။