သမ္မတ ထရမ့်ရဲ့ ဂါဇာ အစီအစဉ် နိုင်ငံတကာ လက်မခံ

သမ္မတ ထရမ့်ရဲ့ ဂါဇာ အစီအစဉ် နိုင်ငံတကာ လက်မခံ

ဂါဇာကို အမေရိကန်က လွှဲပြောင်းယူပြီး သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို နေရာရွှေ့ပြောင်းမယ် ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ အစီအစဉ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် ဆန့်ကျင်နေပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ် ကလည်း လူမျိုးတုံး ရှင်းလင်းရေး ကိစ္စ မှန်သမျှကို မလုပ်မိအောင် ရှောင်ရှားဖို့ အရေးကြီးကြောင်း ပြောဆိုပါတယ်။ ဂါဇာထဲက အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေဟာလည်း အခုဆိုရင် နေရပ် ပြန်နေကြပြီဖြစ်ပါတယ်။ သူတို့ရဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကလည်း မသေချာ မရေရာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဂါဇာထဲကို နိုင်ငံတကာ သတင်းဌာနတွေ အခုထိ ဝင်ရောက်ခွင့်မရသေးပါဘူး။ အဲဒီက အခြေအနေတွေကို ဂျေရုဆလင်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယန်ဆန်က သတင်းပေးပို့ ထားပါတယ်။ မသီရိဇော်က ပြောပြပေးမှာပါ။