ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ပြင်သစ်က တရားဝင် အသိအမှတ်ပြု

ဗီဒီယို ပုံစာ, ကုလ ညီလာခံမှာ ပြင်သစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု ကြေညာ
ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ပြင်သစ်က တရားဝင် အသိအမှတ်ပြု

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ဦးဆောင် အသိအမှတ်ပြုခဲ့ကြတဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့လိုပဲ နောက်ထပ် တခြားနိုင်ငံတွေကလည်း အလားတူ လိုက်လုပ်ကြဖို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကူညီတည်ဆောက်ပေးဖို့အတွက် ပြင်သစ်နိုင်ငံက အခုလို လုပ်ခဲ့တာလို့ ပြင်သစ်သမ္မတ မက်ခရွန် က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောသွားခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ ဒီလိုလုပ်တာဟာ အကြမ်းဖက်ဝါဒကို ဆုချတဲ့ သဘောဖြစ်တယ်ဆိုပြီး ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သမ္မတထရမ့် ဒီကနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ဘီဘီစီသတင်းထောက် တွမ် ဘိတ်မန်း ကုလသမဂ္ဂရုံးကနေ ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။