အမတ်လောင်းတွေရဲ့ လုံခြုံရေး စိုးရိမ်မှု
အမတ်လောင်းတွေရဲ့ လုံခြုံရေး စိုးရိမ်မှု
လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မဲ့ပါတီတွေထဲမှာ သွားလာရခက်ခဲတဲ့နေရာတွေနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့နေရာတွေမှာပါ သွားရောက်ယှဉ်ပြိုင်ကြမဲ့ ပါတီတွေရှိပါတယ်။ တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို အရေးယူမယ်ဆိုပြီး သတိပေးထားတာတွေ ရှိသလို တချို့နေရာမှာ ကိုယ်စားလှယ်လောင်းတချို့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ဝင်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လို စိန်ခေါ်မှုမျိုးတွေ ရင်ဆိုင်နေရပါသလဲ။ ကိုသန့်ဇင်ဦးက ပြောပြမှာပါ။



