ယူကရိန်းကို ဥရောပနိုင်ငံတွေ ဆက်လက်ကူညီမယ်

ယူကရိန်းကို ဥရောပနိုင်ငံတွေ ဆက်လက်ကူညီမယ်

ဥရောပ ခေါင်းဆောင်တွေက သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကို ထောက်ခံအားပေးပြီး လန်ဒန်မြို့မှာ ရုရှားနဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို့ အတွက် ဘယ်လိုလုပ်မယ်ဆိုတာနဲ့ ပတ်သက်လို့ ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကလည်း ယူရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အလေးအမှတ်ထားတဲ့ သဘောတူညီမှုမျိုးသာ ဖြစ်ရမယ်လို့ ပြောပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်က သူ့ရဲ့ အချက် ၄ ချက်ပါတဲ့ လုပ်ငန်းစဉ်ကို ချပြခဲ့ပါတယ်။ အဲဒီထဲမှာ ယူကရိန်းကို စစ်ရေး အကူအညီတွေ ဆက်ပေးဖို့၊ ယူကရိန်းပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့၊ ကာကွယ်ရေး စွမ်းရည်တွေ မြှင့်တင်ဖို့နဲ့ ဘယ်သဘောတူညီမှု မျိုးကိုမဆို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့ "စိတ်သဘောတူသူတွေစုပေါင်းပါဝင်တဲ့ မဟာမိတ်အဖွဲ့" ဖွဲ့စည်းဖို့တွေ ပါဝင်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေ အပြီးမှာပဲ မစ္စတာ ဇလန်းစကီးက ကိယဗ်မြို့တော်ကို မပြန်ခင်မှာ သတင်းထောက်တွေကို တွေ့ဆုံ ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုးပိုက်ခ်ရဲ့သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။