ကရင်ပြည်နယ်မှာ ကျားဖြန့်တွေ နေရာပြောင်းရွှေ့

ကရင်ပြည်နယ်မှာ ကျားဖြန့်တွေ နေရာပြောင်းရွှေ့

ကရင်ပြည်နယ် မြဝတီဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖျက်ဆီးရှင်းလင်းနေတာ တစ်လကျော်လာချိန်မှာ အဲဒီထဲက လုပ်ငန်းတချို့ဟာ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားရာ နေရာတချို့ကို ပြောင်းရွှေ့ လုပ်ကိုင်ဖို့ ပြင်ဆင်နေတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းမြောက်‌ဒေသမှာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ငြိမ်သက်သွားတဲ့ ကျားဖြန့် ငွေလုပ်ငန်းတွေ ပြန်ခေါင်းထောင်လာနေတယ်လို့ သိရပါတယ်။ ကိုရင်မောင်က ဆက်ပြီးပြောပြပေးမှာပါ။