ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျိုးဘိုင်ဒန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်အသုံးပြုခွင့်ပေး
အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အပြောင်းအလဲကြီး တခု ရှိလာပါတယ်။ ဒါကတော့ သမ္မတ ဘိုင်ဒန်က ယူကရိန်းကို ရုရှားရဲ့ အတွင်းပိုင်း နယ်တွေအထိပါ တိုက်ခိုက်နိုင်ဖို့ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေ ပေးသုံးတော့မယ်လို့ ဆိုလိုက်တာပါ။
ဒါပေမယ့် ဒီကိစ္စကို တရားဝင်ကြေညာတာမျိုးတော့ မလုပ်သေးပါဘူး။ ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ ဒုံးကျည်တွေက သက်သေပြပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ရုရှားက ယူကရိန်း စစ်ပွဲမှာ တိုက်ဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို သွင်းလာပြီး နောက်မှာ အခုလို အပြောင်းအလဲတွေ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ယူကရိန်းဟာ သူတို့ အရှေ့မြောက်ပိုင်းက ရုရှား ကာ့စ်ခ်ဒေသထဲမှာ ရှိနေတဲ့ သူတို့ တပ်ဖွဲ့တွေကို ကာကွယ်ဖို့ အတွက် ATACMS လို့ ခေါ်တဲ့ ဗျူဟာမြောက် ဒုံးကျည်စနစ်ကို သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
ကရင်မလင်ကတော့ ဒီလို တာဝေးပစ် ဒုံးကျည်တွေသုံးလာရင် အမေရိကန်ရဲ့ စစ်အတွင်းပါဝင် ပတ်သက်မှုတွေ ပိုမိုနက်ရှိုင်းလာပြီး တင်းမာမှုတွေ ပိုမြင့်တက်လာစေလိမ့်မယ်လို့ သတိပေးပါတယ်။ သူတို့ ပြောရေးဆိုခွင့် ရှိသူကလည်း ဘိုင်ဒန်အစိုးရဟာ မဆင်းသွားခင်မှာ စစ်မီးပိုတောက်အောက် လောင်စာထည့်ပေးနေတယ်လို့ ဆိုခဲ့ပါတယ်။
ဘီဘီစီရဲ့ မြောက်အမေရိကန်ဆိုင်ရာ သတင်းထောက် ဒေးဗစ် ဝီလစ်က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြန်ပြောပြပေးမှာပါ။