ယူကေမှာ ထင်းရှူးပင်တွေပိုးမကျရေး ဆောင်ရွက်
ယူကေမှာ ထင်းရှူးပင်တွေပိုးမကျရေး ဆောင်ရွက်
ခရစ္စမတ်ကာလ ရောက်ဖို့ အဝေးကြီး လိုနေသေးပေမယ့် ဥရောပမှာတော့ ထင်းရှူးပင်တွေကို ပိုးမကျရေးအတွက် စတင်ဆောင်ရွက်နေကြပါပြီ။ အဲဒီ ပိုးတွေဟာ ဥရောပက ထင်းရှူးတောကြီးတွေအတွက် ကြီးမားတဲ့ အန္တရာယ်လည်း ဖြစ်ပါတယ်။ အခု အဲဒီ ပိုးတွေဟာ ယူကေကိုလည်း ရောက်လာတာကို တွေ့ရပါတယ်။ သူတို့ ရောက်လာကြတဲ့ အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့ ရာသီဥတု ပူနွေးလာမှုကတည်း အကြောင်းရင်း တခု ဖြစ်ပါတယ်။ အခု အဲဒီ ပိုးတွေ မကျရေးကို စတင် ဆောင်ရွက်နေကြပါပြီ။ ဘီဘီစီရဲ့ ရာသီဥတု ဆိုင်ရာ သတင်းထောက် ဂျပ်စတင် ရိုးလက် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့် ပြောပြမှာပါ။



