အမေရိကန် မဲဆန္ဒရှင် တချို့ရဲ့ သဘောထား
အမေရိကန် မဲဆန္ဒရှင် တချို့ရဲ့ သဘောထား
ဒီနေ့ည အမေရိကန် ပြည်ထောင်စုက ဖီလာဒဲလ်ဖီးယား မြို့မှာ အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ကြမယ့် ကမလာ ဟဲရစ်နဲ့ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် စကား စစ်ထိုးကြမှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ နှစ်ဦးကြား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ဘယ်သူ့ဘက်ကမှ သိသိသာသာ အသာရမနေသေးတဲ့အတွက် ဒီည စကားစစ်ထိုးပွဲဟာ အရေးကြီးတယ်လို့ ရှုမြင်ကြပါတယ်။ သမ္မတ ရွေးကောက်ပွဲမှာ ရလဒ်အခြေအနေကို အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ ပြည်နယ်တွေထဲက တခုဖြစ်တဲ့ ပင်စီဗေးနီးယားပြည်နယ်ထဲက ဖီလာဒဲလ်ဖီးယား မြို့မှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်း က အနောက် ပင်စီဗေးနီးယားမှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ သဘောထားတွေကို ကြားသိခဲ့ရပါတယ်။ သူ့သတင်းကို ကိုမိုးမြင့် ဆက်ပြောပြပါလိမ့်မယ်။



