လင်ကောင်ပိုး ဇီးကွက်တွေ အရေအတွက်ကို တိုးပွားလာအောင် ကူညီပေးနိုင်ခဲ့
လင်ကောင်ပိုး ဇီးကွက်တွေ အရေအတွက်ကို တိုးပွားလာအောင် ကူညီပေးနိုင်ခဲ့
အင်္ဂလန် အနောက်မြောက်ပိုင်းက စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ဟာ လင်ကောင်ပိုး ဇီးကွက် တွေရဲ့ အရေအတွက်ကို တိုးပွားလာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဝက်စ်ရှိုင်းယားမှာ ဇီးကွက် မျိုးပွားစုံတွဲ ခြောက်တွဲသာ ရှိခဲ့ ပါ တယ်။ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြတဲ့ ဘရော့စ် စတန် ဇီးကွက်အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် အခုအခါမှာ ဇီးကွက်ကောင်ရေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် အဲဒီဒေသမှာ မျိုးပွားစုံတွဲ ၁၆၀ အထိ ရှိနေပြီလို့ ယူဆကြ ပါ တယ်။ ဘီဘီစီ သတင်းထောက် အန်နီ နိုးလ်ဆန်ရဲ့ သတင်းကို မသီရိဇော်က ပြောပြထားပါတယ်။



