ကျားဖြန့် နှိမ်နင်းရေး မြန်မာ၊ တရုတ်နဲ့ ထိုင်း ဆွေးနွေး

ကျားဖြန့် နှိမ်နင်းရေး မြန်မာ၊ တရုတ်နဲ့ ထိုင်း ဆွေးနွေး

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ အစည်းအဝေးကို ဒီနေ့ ထိုင်း-မြန်မာနယ်စပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်တင်ထားသူတွေနဲ့ ထိန်းသိမ်းထားသူတွေကို သက်ဆိုင်ရာနိုင်ငံတွေကို မကြာခင်ရက်ပိုင်းအတွင်း ပြန်လွှဲပြောင်းပေးဖို့ ကိစ္စတွေနဲ့ ကျားဖြန့်နှိမ်နင်းရေး ကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။