ဒရုန်းနဲ့ဆက်စပ်ပြီး ရုရှား ရေနံတင် သင်္ဘောကို ပြင်သစ် စီးနင်း

ဒရုန်းနဲ့ဆက်စပ်ပြီး ရုရှား ရေနံတင် သင်္ဘောကို ပြင်သစ် စီးနင်း

ပြီးခဲ့တဲ့လက ဒိန်းမတ် လေပိုင်နက်ထဲမှာ ဒရုန်း ပျံဝဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သံသယ ရှိတဲ့ ရုရှား နဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောပေါ်ကို ပြင်သစ် တပ်ဖွဲ့ဝင်တွေက စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒရုန်းပျံဝဲမှုတွေကြောင့် ဥရောပဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အန္တရာယ် အရှိဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ဆိုပြီးတော့ ဒိန်းမတ် ဝန်ကြီးချုပ်က ဘီဘီစီကို ပြောကြားပါတယ်။ စုပေါင်း ကာကွယ်ရေး အတွက် ဥရောပ ခေါင်းဆောင်တွေဟာ ကိုပင်ဟေဂင်မှာ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျက်ဆီကာ ပါကာ ရဲ့ သတင်းကို မန္ဒာဝင်းက ပြောပြပေးမှာပါ။