ဂျပန်ကို 'ကန်'က အဏုမြူဗုံးကြဲခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်ပြီ

ဗီဒီယို ပုံစာ, ကမ္ဘာ့ပထမဆုံး အနုမြူဗုံးကြဲခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်
ဂျပန်ကို 'ကန်'က အဏုမြူဗုံးကြဲခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်ပြီ

အရပ်သူအရပ်သားတွေ အများအပြားရှိနေတဲ့ မြို့ကြီး တမြို့ပေါ်ကို ပထမဆုံးအကြိမ် အဏုမြူဗုံးကြဲချခဲ့တာ ဒီသီတင်းပတ်ထဲမှာ နှစ်ပေါင်း ၈၀ ပြည့်ပါပြီ၊ ၁၉၄၅ သြဂုတ်လ ၆ ရက်က ဟီရိုရှီးမားမြို့ကို အမေရိကန်က ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကြဲခဲ့တာပါ။ အဲဒီနောက် ၉ ရက်နေ့မှာ နာဂါဆာကီကို ဒုတိယတလုံးကို ကြဲချခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးလည်း အဆုံးသတ်သွားခဲ့ပါတယ်။ ဗုံးဒဏ်ကြောင့် မြို့ ၂ မြို့ပေါင်း လူပေါင်း ၁၁၈၀၀၀ ကျော်သေဆုံးသွားခဲ့လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ ဒီနေ့ ကမ္ဘာတဝန်းက စစ်မက်ဖြစ်ပွားရာ နေရာတွေမှာ အဏုမြူလက်နက်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ပါဝင် ပတ်သက်နေကြဆဲ ဖြစ်ပါတယ်။ အဏုမြူဗုံးဒဏ်ခံရပြီးနောက် အသက်မသေဘဲ ကျန်ခဲ့သူတချို့ကို ဘီဘီစီ သတင်းထောက် ဂျော်ဒန် ဒန်ဘာက မေးမြန်းထားပါတယ်။ ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။