ယူကရိန်း အရှေ့ခြမ်း ရုရှား ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်

ယူကရိန်း အရှေ့ခြမ်း ရုရှား ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ယူကရိန်း စစ်တပ်အနေနဲ့ ခုခံတိုက်ပွဲဝင်နေဆဲလို့ ပြောပေမဲ့ ဒွန်ညက်စ် ဒေသထဲက ကျေးရွာ အတော်များများ အပြင် အဗ်ဒီကာ မြို့ကိုလည်း ရုရှားဘက်က သိမ်းယူထားပါတယ်။ နောက်ထပ် နယ်မြေတွေ ရုရှားလက်ထဲကျရောက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ် ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။