တိဘက် တော်လှန်ရေး ဗဟိုချက် ဘီဘီစီ ရောက်ရှိ
တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင် ဒလိုင်းလားမားက သူကွယ်လွန်ပြီးနောက်မှာ သူ့နေရာဆက်ခံမယ့် သူကို ရွေးချယ်သွားမယ်လို့ ပြောကြားလိုက်ပြီး၊ သူကွယ်လွန်သွားရင် လားမား အင်စတီကျူးရှင်း ဘာဖြစ်မှာလဲ ဆိုတဲ့ နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့ မသေချာမှုတွေကို အဆုံးသတ်လိုက်ပါတယ်။ ဒီတစ်ပတ်ထဲမှာ ပြည့်မယ့် အသက် ၉၀ ပြည့် မွေးနေ့ အကြို သူ့နေရာ ဆက်ခံမယ့်သူ အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပြီး နောက်ထပ် ဒလိုင်းလားမား ရွေးချယ်ရေးမှာ တရုတ်ရဲ့ ပါဝင် ပတ်သက်မှု မလိုအပ်ကြောင်း ရှင်းရှင်းလင်းပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒလိုင်းလားမားကို တိဗက်ပြည်သူတွေက သနားကြင်နာတတ်သော ဘုရားလောင်း အဖြစ် ယုံကြည်ကြပြီး၊ တရုတ်က တိဘက်ကို သိမ်းပိုက်ပြီးနောက် ၁၉၅၉ ခုနှစ်ကတည်းစပြီး အိန္ဒိယ နိုင်ငံမှာ ခိုလှုံနေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိဘက် ဒေသထဲကို သတင်းထောက်တွေ ဝင်ရောက်ခွင့်လည်း တရုတ် အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ ဘီဘီစီ အနေနဲ့ တိဘက်မှာ သတင်းသွားယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့လည်း ငြင်းဆို ခံရပါတယ်။ ဒါပေမဲ့ တိဘက်တွေရဲ့ တရုတ် ကွန်မြူနစ် ပါတီကို ဆန့်ကျင် တွန်းလှန်ရာ ဗဟိုချက် ဖြစ်တဲ့ စီချွမ်း ခရိုင်ထဲက အဘာမြို့ကို ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ သွားရောက်နိုင်ခဲ့ပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးမှာပါ။



