မြဝတီမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြော

ဗီဒီယို ပုံစာ, မြဝတီမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြော
မြဝတီမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြော

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို လောင်စာဆီတင်ပို့ခွင့် စစ်တပ်ဘက်က ပိတ်လိုက်တာကြောင့် မြို့ပေါ်မှာ လောင်စာဆီပြတ်လပ်မှုတွေ ရှိလာပြီလို့ နယ်စပ်ကုန်သည်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

ကျုံဒိုး ကော့ကရိတ် လမ်းပိုင်းကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပြီး မြဝတီမြို့ ဘက်ကို သွားတဲ့ လမ်းပိုင်းကိုတော့ ကရင့် အမျိုးသား အစည်းအရုံး KNU/KNLA နဲ့ ပူးပေါင်း အဖွဲ့တွေက စိုးမိုးထားတာကြောင့် အခုလို လောင်စာဆီ ဖြတ်တောက်မှုတွေ လုပ်ဆောင်တာလို့ စစ်ရေး သုံးသပ်သူတွေက ပြောပါတယ်။ အဲဒီက အခြေအနေတွေကို မသီရိဇော်က ပြောပြပေးထားပါတယ်။