ပင်လယ်နက်အပစ်ရပ်ရေး ရုရှား မလိုက်နာချင်ကြောင်း ယူကရိန်းပြော

ပင်လယ်နက်အပစ်ရပ်ရေး ရုရှား မလိုက်နာချင်ကြောင်း ယူကရိန်းပြော

အင်္ဂါနေ့က ရခဲ့တဲ့ ပင်လယ်နက်ဒေသမှာ အပစ်ရပ်ရေး သဘောတူညီချက်ဟာ အက်ကြောင်းတွေ စထင်လာနေပါတယ်။ ရုရှားဘက်က ပင်လယ်ရေကြောင်း တိုက်ခိုက်မှုတွေ အချိန်အကန့်အသတ်နဲ့ ရပ်သွားဖို့ အတွက် သူတို့ကို ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေကို အရင် ရုပ်သိမ်းပေးရမယ်လို့ ဆိုပါတယ်။ ယူကရိန်းကတော့ ဒါဟာ ချက်ခြင်း စရမယ့် ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျမှာ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ ဆွေးနွေးမှုတွေ လုပ်ခဲ့အပြီးမှာ ပင်လယ်နက် ရေပြင်မှာ ဘေးကင်းလုံခြုံပြီး အင်အားသုံး ဖြေရှင်းမှုတွေကို ရပ်ဖို့ ကတိပြုခဲ့ကြပါတယ်။

အဲဒီ ကနေတဆင့် ယူကရိန်းနဲ့ ရုရှားထဲက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မပစ်ခတ်ဖို့ အတွက် ဆက်သွားဖို့ ရည်ရွယ်ထားကြတာပါ။ ကိယဗ်မြို့တော်က ဘီဘီစီ သတင်းထောက် ဂျိမ်းစ် လန်ဒေးလ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။