အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေ ကာကွယ်ဆေးထိုးရေး ခက်ခဲ

ဗီဒီယို ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေ ကာကွယ်ဆေးထိုးရေး ခက်ခဲ
အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေ ကာကွယ်ဆေးထိုးရေး ခက်ခဲ

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်နေတဲ့ နေရာအများစုမှာရှိတဲ့ ကလေးငယ်တွေ ကာကွယ်ဆေးမထိုးရတော့ဘူးလို့ ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း တချို့နေရာတွေက ကလေးတွေကို နီးစပ်ရာမြို့ပေါ်က အဆင်ပြေတဲ့ နေရာတွေဆီခေါ်သွားပြီး ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပေမဲ့ အများစုကို မလွှမ်းခြုံနိုင်ဘူးလို့ ဆိုပါတယ်။ ကလေးငယ်တွေ ကာကွယ်ဆေးမထိုးနှံရတဲ့ နောက်ဆက်တွဲအနေနဲ့ မျိုးဆက်တစ်ဆက် ပျောက်ဆုံးသွားနိုင်တယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ကာကွယ်ဆေး ထိုးနှံဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေတာလဲ၊ ဒီအကြောင်း မနှင်းမိုက စုစည်းပြောပြပေးမှာပါ။