ပြင်သစ်ပါလီမန်ရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီ အထိနာ
ပြင်သစ်နိုင်ငံ ပါလီမန် ရွေးကောက်ပွဲမှာ လက်ယာစွန်း National Rally ပါတီ မမျှော်လင့်ဘဲ အထိနာသွားခဲ့ပြီး အောက်လွှတ်တော်မှာ ဘယ်ပါတီမှ အမတ်နေရာ အများစု မရခဲ့ကြတဲ့အတွက် ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရားဝင် မဲရလဒ်တွေအရ New Popular Front လက်ဝဲပါတီက အမတ်နေရာ စုစုပေါင်း ၁၈၂ နေရာ ။ သမ္မတ အီမန်ဝဲလ် မက်ခရွန်းရဲ့ Together လို့အမည်ပေးထားတဲ့ ဗဟိုဝါဒီ မဟာမိတ်ပါတီက ၁၆၈ နေရာ ရခဲ့ပြီး မရီးန် လာပန်း ရဲ့ လက်ျာစွန်း National Rally ပါတီ က ၁၄၃ နေရာနဲ့ တတိယအဆင့်သာ ရခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် မာ့ခ် လိုဝဲန်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။





