မင်နီယာပိုလစ္စမှာ ICE ပစ်ခတ်မှုကြောင့် သူနာပြု တဦးသေဆုံး

ဗီဒီယို ပုံစာ, မင်နီယာပိုလစ္စမှာ ICE ပစ်ခတ်မှုကြောင့် သူနာပြု တဦးသေဆုံး
မင်နီယာပိုလစ္စမှာ ICE ပစ်ခတ်မှုကြောင့် သူနာပြု တဦးသေဆုံး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က မင်နီယာ ပိုလစ္စမြို့မှာ ၃၇ နှစ်အရွယ် သူနာပြု အဲလက်စ် ပရက်တီကို လူဝင်မှု ကြီးကြပ်ရေး ICE အေးဂျင့်တွေက ပစ်ခတ်လို့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ သူ့အစိုးရအဖွဲ့က အရာ အားလုံးကို ပြန်လည် သုံးသပ်စစ်ဆေးနေတဲ့ အကြောင်း ပြောပါတယ်။ မစ္စတာထရမ့်က ဒီမြို့ထဲကနေ သူ့ ICE အေးဂျင့်တွေကို ရုပ်သိမ်းသွားမယ့် အရိပ်အယောင်လည်း ပြောခဲ့ပါတယ်။

မင်နီယာပိုလစ္စမြို့ အပြင် တခြား အမေရိကန် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသလို မင်နီဆိုတာ ပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ် ဝါ့လ်ဇ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ အခြေအနေတွေက အလှည့်အပြောင်းကာလကို ရောက်နေပြီလို့ သတိပေးလိုက်ပါတယ်။

ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းက မင်နီယာပိုလစ်မြို့မှာ ရောက်ရှိနေပါတယ်။ အဲဒီနေ သူပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။