ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တရားခွင် ရုပ်သံ ပေါက်ကြား

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တရားခွင် ရုပ်သံ ပေါက်ကြား

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ပုဒ်မမျိုးစုံတပ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ရဲ့ တရားခွင် ရုပ်သံမှတ်တမ်းတစ်ခု ပေါက်ကြားလာပါတယ်။ ဒီရုပ်သံဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း လူထုက ဒုတိယအကြိမ် သိမြင်ခွင့်ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါတယ်။ကိုကျော်ဇေယျက ပြောပြမှာပါ။