စက်သုံးဆီ ပြတ်လပ်မှု အဆိုးဆုံးဖြစ်လာ
စက်သုံးဆီ ပြတ်လပ်မှု အဆိုးဆုံးဖြစ်လာ
ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီပြတ်လပ်တဲ့ ပြဿနာက အခုနှစ်ထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး လက်ရှိမှာတော့ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေပါပြီ။ အကြောင်းကတော့ ဒေါ်လာငွေ တန်ဖိုး အဆမတန် မြင့်တက်လာပြီး ဒေါ်လာနဲ့ ဝယ်ရတဲ့ စက်သုံးဆီကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနေတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရော ရှိပါသေးသလား။ အပြည့်အစုံကို မသူဇာလင်းက ပြောပြသွားမှာပါ။



