မြန်မာ့ စွမ်းအင်အကျပ်အတည်းကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေသလဲ

ဗီဒီယို ပုံစာ, မြန်မာ့ စွမ်းအင်အကျပ်အတည်းကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေသလဲ
မြန်မာ့ စွမ်းအင်အကျပ်အတည်းကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေသလဲ

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က သင်္ကြန်ရုံးပိတ်ရက်မှာတင် တရုတ်နဲ့ ရုရှားနိုင်ငံတွေကို သွားရောက်နေပါတယ်။ စွမ်းအင်နဲ့လျှပ်စစ် အပြင် ဓာတ်မြေသြဇာဝယ်ယူရေး ဆွေနွေးမှုတွေရှိတယ်လို့သိရပါတယ်။ အစိုးရသစ်တက်ပြီး သင်္ကြန်ပိတ်ရက်တွေမှာတင် မဟာမိတ် ရုရှားနဲ့တရုတ်ဆီသွားရတဲ့ ဒီခရီးစဉ်က လက်ရှိရင်ဆိုင်နေရတဲ့ မြန်မာ့စွမ်းအင်အကျပ်အတည်းကို ဘယ်လိုထင်ဟပ်နေပါသလဲ။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီရရှိရေးက သူရဲ့ အဓိကမဟာမိတ်နိုင်ငံတွေအပေါ် လုံးဝ မှီခိုရမယ့် အခြေအနေတစ်ခုကို ဦးတည်နေပြီလား။ ဒီအကြောင်း ကိုမောင် ပြောပြမှာပါ။