ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လော့စ်အိန်ဂျလိစ် ဆန္ဒပြပွဲထိန်းဖို့ သမ္မတထရမ့် အရန်တပ်တွေ စေလွှတ်
လော့စ်အိန်ဂျလိစ်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်ခေါင်းဆောင်တွေက သမ္မတထရမ့်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းအဆင့်ထိ ဖြစ်လာအောင် ဆွပေးနေတယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ကလည်း လော့စ်အိန်ဂျလိစ် မြို့လယ်မှာ ခွင့်ပြုချက်မရှိဘဲ လူမစုရ အမိန့်ထုတ်ပြီး ဆန္ဒပြသူတွေကို ပြန်ကြဖို့ ပြောထားပါတယ်။ ညပိုင်းကလည်း ကားတွေ မီးရှို့ခံရတာ ရှိသလို လုယက်မှုတွေလည်း ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရားမဝင် ရွေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ရာကနေ အခုလို ဆန္ဒပြပွဲတွေ စခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်ဆတ်ဒ်ဝတ်သ် သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။