ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဥရောပပြင်ဆင်
ဥရောပက ခေါင်းဆောင်တွေအကြားမှာတော့ ယူကရိန်း ငြိမ်းချမ်းရေးအတွက် သဘောတူညီမှု ရခဲ့ပြီ ဆိုရင်တောင် ဘယ်လို ဆက်လက်ရပ်တည်ကိုင်စွဲထားကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ စဉ်းစားနေကြပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဆာကီယာ စတာမာက ယူကရိန်းထဲမှာ ဗြိတိသျှ တပ်ဖွဲ့တွေ ချထားဖို့ အတွက် စဉ်းစားကောင်း စဉ်းစားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးနဲ့ပဲ ဖြစ်နေပါစေ ယူကရိန်းထဲမှာ နေတိုးနိုင်ငံတွေက ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ လာထားတာမျိုးကို သူ့နိုင်ငံအနေနဲ့ လက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။
ဘီဘီစီသတင်းထောက် ဂျွန်နသန် ဘီးလ်က ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရိုမေးနီးယားထဲမှာ တပ်စွဲထားပြီး ဖြစ်လာနိုင်တဲ့ အခြေအနေတွေအပေါ်မှာ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်နေကြတဲ့ ဗြိတိသျှ တပ်ဖွဲ့တွေဆီကို ရောက်ခဲ့ပါတယ်။ သူ့ သတင်းကို ကိုဘိုဘိုက ဆက်ပြောပြမှာပါ။