ထိုင်ဝမ်ရွေးကောက်ပွဲ တရုတ် ဖိအားပေး
ထိုင်ဝမ်ရွေးကောက်ပွဲ တရုတ် ဖိအားပေး
ထိုင်ဝမ်မှာ ကျင်းပဖို့ ရှိတဲ့ သမ္မတရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ အနေနဲ့ တရုတ် အစိုးရက သတင်းတု သတင်းမှား အစီအစဉ်တွေကို ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုပြီး ထိုင်ဝမ် အစိုးရက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ လက်ရှိ အာဏာရ ထိုင်ဝမ် ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရဖို့ ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ သီးခြား နိုင်ငံဖြစ်တယ်ဆိုတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ကြွေးကြော်မှုကို တရုတ်အစိုးရ အမြဲတစေ ငြင်းဆန်လေ့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးလ် ဟေးစ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။



