သြစတြေးလျက အဆက်သွယ်ဖြတ်ခွင့် ဥပဒေ

သြစတြေးလျက အဆက်သွယ်ဖြတ်ခွင့် ဥပဒေ

သြစတြေးလျနိုင်ငံမှာ မကြာသေးခင်က ပြဋ္ဌာန်းလိုက်တဲ့ အဆက်အသွယ်ဖြတ်ခွင့် ဥပဒေအရ ဝန်ထမ်းတွေဟာ လုပ်ငန်းတာဝန်ချိန် ပြင်ပမှာ သူတို့ အထက်လူကြီးတွေဆီက ဆက်သွယ်မှုတွေကို အကြောင်းပြန်စရာ မလိုတော့ပါဘူး။

တာ၀န်ချိန်ပြင်ပမှာ စောင့်ကြည့်ခံရတာ၊ ဆက်သွယ်လာတဲ့ သတင်းစကားတွေကို အကြောင်းပြန်နေရတာမျိုးတွေ မလုပ်ချင်ကြတဲ့ ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းက ပြဋ္ဌာန်းပေးလိုက်တာ ဖြစ်ပါတယ်။

အလားတူ ဥပဒေမျိုးကိုပဲ ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှာ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေကတော့ ဒီဥပဒေကြောင့် အလုပ်ရှင်နဲ့ အထက်လူကြီးတွေက ဝန်ထမ်းတွေကို နိုင့်ထက်စီးနင်း ခိုင်းတာ၊ အချိန်ပိုဆင်းခ မပေးဘဲ အချိန်ပိုဆင်းခိုင်းတာမျိုးတွေကို တားမြစ်နိုင်တော့မယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်တွေဘက်ကတော့ ထုတ်လုပ်အား ကျဆင်းမယ် လို့ ပြောနေကြပါတယ်။ ဆစ်ဒနီမြို့က ဘီဘီစီ သတင်းထောက် ဖေးလ်မာဆာ ပေးပို့ ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။