ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းမှာ စစ်ပွဲကာလ ၂ နှစ်ကို ဘယ်လိုဖြတ်သန်း
လွန်ခဲ့တဲ့ ၂ နှစ်က ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်း ကျသွားမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခုထက်ထိ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံ တွန်းလှန်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျူးကျော်လာတဲ့ ရုရှားစစ်တပ်တွေက တစစနဲ့ ရှေ့ကို တိုးလာနိုင်နေပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ အနောက်တိုင်းရဲ့ ကူညီမှုတွေ နှေးလာနေတာကြောင့် သူ့တပ်ဖွဲ့ဝင်တွေ ကျဆုံးနေကြရတယ်လို့ ပြောပါတယ်။ ယူကရိန်း စစ်ပွဲဘယ်လောက်အထိ ကြာနေဦးမလဲ၊ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ် ယူကရိန်းသမ္မတရဲ့ ဇာတိ ခရီးဗီ ရီး မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။