ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို အိန္ဒိယ က ပင်လယ်ပြင်ထဲ ထားခဲ့
ရိုဟင်ဂျာ ဒုက္ခသည်တွေကို အိန္ဒိယ က ပင်လယ်ပြင်ထဲ ထားခဲ့
အိန္ဒိယ အစိုးရရဲ့ ပြည်နှင်ဒဏ်ပေးခံရမှုကြောင့် ပင်လယ်ပြင်မှာ စွန့်ပစ်ခံလိုက်ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘီဘီစီ စကားပြောခွင့် ရခဲ့ပါတယ်။ ရိုဟင်ဂျာ မွတ်စလင်တွေဟာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ တစ်သန်းလောက်ဟာ အိန္ဒိယ အပါအဝင် မြန်မာ နဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ အိန္ဒိယ တာဝန်ရှိသူတွေက သူတို့ကို ပင်လယ်ထဲမှာ ဘယ်လို စွန့်ပစ်သွားသလဲ ဆိုတာ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြန်ပြောပြကြပါတယ်။ ဘီဘီစီ သတင်းထောက် ဆမီယာ ဟူစိန်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။