ရွှေကုက္ကိုထဲကို စစ်တပ်နဲ့ BGF ဝင်ရောက် ရှင်းလင်း

ရွှေကုက္ကိုထဲကို စစ်တပ်နဲ့ BGF ဝင်ရောက် ရှင်းလင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လောင်းကစားမှုတွေနဲ့နာမည်ကြီးတဲ့ ရွှေကုက္ကိုနယ်မြေကို စစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ နိုဝင်ဘာ ၁၈ ရက်က ပူးပေါင်း ရှင်းလင်းခဲ့ရာမှာ နိုင်ငံခြားသား သုံးရာကျော်နဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိတယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။ ရွှေကုက္ကိုနဲ့နီးစပ်သူတွေကတော့ ဒါတွေဟာ ကြိုတင်စီစဉ်ပြီးမှ ဝင်ဖမ်းတာဖြစ်ပြီး အဲဒီအထဲမှာ ငွေလိမ်လုပ်ငန်းကို ဦးဆောင် လုပ်နေသူတွေ မပါဝင်ဘူးလို့ ဝေဖန် ထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုဝေဖြိုး စုစည်း ပြောပါမယ်။