ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပြင်ပနဲ့အဆက်ဖြတ် အကျဉ်းချ ခံထားရတာ ၅ နှစ် နီးပါးရှိပြီ
ဒေါ်အောင်ဆန်းစုကြည် ပြင်ပနဲ့အဆက်ဖြတ် အကျဉ်းချ ခံထားရတာ ၅ နှစ် နီးပါးရှိပြီ
ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ဟာ အရင် စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစု ကြည်ကို နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၅ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာ ခံနေရပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းက ရခဲ့တဲ့ အခွင့်အရေးတရပ်ဖြစ်တဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်၊ တွေ့ခွင့်ရှိတဲ့ အခြေအနေမျိုး လက်ရှိမှာ မရရှိဘဲ အကျဉ်းသား အခွင့်အရေးတွေ ဆုံးရှုံးကာ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ငါးနှစ်ပြည့်ပါတော့မယ်။ ဒီအကြောင်း အပြည့်အစုံကို မဇာဏီထွဏ်းက ပြောပြပေးမှာပါ။