ကုန်သွယ်ရေး၊သွင်းကုန်ခွန်နဲ့ ဗီဇာအရေးလွှမ်းမိုးတဲ့ ထရမ့် - မိုဒီ ဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, မိုက်ကယ် ကူဂယ်မန်း
- ရာထူးတာဝန်, နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကဲခတ်
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကို အလုပ်ခရီး ရောက်နေပြီပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ လည်းတွေ့ဆုံခဲ့ပါပြီ။ အဲဒီမှာ နှစ်ဦးသား ရင်းနှီးစွာတွေ့ဆုံကာ နှစ်ဖက်အပြုံးတွေနဲ့အတူ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါတွေချည်းပဲတော့ မဟုတ်ပါဘူး။
နှစ်များစွာ ထရမ့်နဲ့ မိုဒီတို့အကြား ပုဂ္ဂိုလ်ရေးအရကောင်းမွန်တဲ့တိုးတက်မှုတွေရှိသလိုအပေါက် အလမ်းတည့်ကြသူ နှစ်ဦးလည်းဖြစ်ပါတယ်။ ဒါကိုလည်း သူတို့တက်ခဲ့ကြတဲ့ ထိပ်တန်းအစည်း အဝေးတွေနဲ့ နှစ်ဦးစလုံး လူမြင်ကွင်းအတူထွက်တဲ့အခါတွေမှာ မြင်နိုင်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဝါရှင်တန်မှာ သူတို့ ၂ ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုကစလို ဟူစတန်နဲ့ အာမဒါဘတ်မြို့က လူထုအစည်းအဝေးတွေအပါအဝင် အခြားသောတွေ့ဆုံပွဲတွေက တဆင့် သူတို့ ၂ ဦးရဲ့ ရင်းနှီးမှုက ပိုမိုချည်နှောင်မှုရှိကာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။
တူညီတဲ့ကမ္ဘာ့အမြင်တွေနဲ့ နိုင်ငံရေး၊ တရုတ်ကို တန်ပြန်ဖို့ နှစ်ဖက် အပြန်အလှန်အကျိုးရှိရှိ အာရုံစိုက်ရေးကိစ္စရပ်တွေမှာ သူတို့နှစ်ဦးကြား အချိတ်အဆက်မိကြပါတယ်။ တရုတ်ကို တန်ပြန်ရေးကြောင့်ပဲ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ကြား မိတ်ဖက်ဆက်ဆံရေး ခိုင်ကြည်လာတာတာလည်းဖြစ်ပါတယ်။
ဒါကြောင့် ထရမ့်ဟာ အိန္ဒိယကို အမြဲတမ်း ဝေဖန်လေ့ရှိပေမဲ့ မိုဒီကိုတော့ ဘယ်တုန်းကမှာ မဝေဖန်ခဲ့တာကတော့ အံ့သြစရာ မဟုတ်တော့ပါဘူး။
ဒါကြောင့် မိုဒီရဲ့ ခရီးစဥ်အတွင်း လက်ရှိကောင်းမွန်တဲ့အခြေအနေမှာရှိနေတဲ့ အမေရိကန်-အိန္ဒိယ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးရဲ့ နောက်ထပ်တစ်ဆင့် အသေးစိတ်လုပ်ဆောင််နိုင်ဖို့ အချိန်ယူကာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြဖို့ များပါတယ်။
လက်ရှိမှာ ဝန်ကြီးချုပ်မိုဒီဟာ SpaceX နဲ့ Tesla ပိုင်ရှင်သူဌေးကြီး အီလွန်မတ်စ်နဲ့လည်း သီးခြားတွေ့ဆုံထားပါတယ်။ မိုဒီဟာ တိုးတက်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုကို ချဲ့တွင်ရန် စိတ်အားထက်သန်နေ သလို အကယ်လို့ အီလွန်မတ်စ်က အိန္ဒိယမှာ တက်စလာ လျှပ်စစ်ကား စက်ရုံဖွင့်ဖို့အထိ မျှော်လင့်ထားတာလို့ ခန့်မှန်းကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးအထူးတလည် ဆွေးနွေးကြတဲ့အခါ နဲ့ နှစ်ဦးသား ရယ်ရယ် မောမော တွေ့ဆုံမှုဟာ တကယ်ဖြစ်နေတာကိုတော့ ဖုံးသလို ဖြစ်သွားနိုင်ပါတယ်။ လိုလားချက် တသီကြီးနဲ့စောင့်နေတဲ့ ထရမ့်အတွက်တော့ အလုပ် ဖြစ်တဲ့ သူတို့ နှစ်ဦးဆက်ဆံရေးကြောင့် နှစ်ဦး နှစ်ဖက် စိတ်သက်သာရာရဖို့တော့ ဖြစ်လာမှာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေလီဟာ ထရမ့်အကြောင်းကို နောကြေအောင် သိထားတယ်လို့ ဆိုနိုင်ပါတယ်။ ထရမ့်ရဲ့ သမ္မတ သက်တမ်း ပထမအကြိမ်တုန်းက မိုဒီအစိုးရအဖွဲ့မှာပါခဲ့ဖူးသူတွေဟာ မိုဒီရဲ့လက်ရှိအစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေအဖြစ် ပြန်ပါနေပါတယ်။
ဒီလိုရင်းနှီးကျွမ်းဝင်မှုကို ပြီးခဲ့တဲ့လတုန်းက ထရမ့်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲမှာကတည်းက စတွေ့ ထားဖူးပါတယ်။ ဒေလီဟာ အမေရိကန်ဆီကနေ ရေနံဝယ်ယူဖို့၊ အထောက်အထားမဲ့ အိန္ဒိယ ရွှေ့ ပြောင်းတွေကို ပြန်လည်ခေါ်ယူဖို့နဲ့ အမေရိကန်ကုန်တွေကို သွင်းကုန်လျှောချပေးလိုတာမျိုးကို အချက်ပြထားပါတယ်။
သွင်းကုန်စည်းကြပ်ခွန်အချို့ကို လျှော့ချခဲ့သလို၊ အထောက်အထားမဲ့ အိန္ဒိယ ၁၀၄ ဦးကိုလည်း ပြန်ခေါ်ခဲ့ပါတယ်။ ပထမဆုံးပြန်ပို့တဲ့လေယာဥ်က ပြီးခဲ့တဲ့အပတ်က အိန္ဒိယကိုဆိုက်ရောက်ခဲ့ ပါတယ်။ အဲဒါကလည်း ထရမ့်ရဲ့အစိုးရအဖွဲ့အသစ်အနေနဲ့ အိန္ဒိယဆီကနေ တောင်းဆိုလိုတာတွေကို ဟန့်တားဖို့နဲ့ ထရမ့်အစိုးရသစ်နဲ့ တင်းမာမှုဖြစ်လာနိုင်ခြေကို လျှော့ချဖို့ ကြိုတင် လက်ဦးမှုယူ ဖို့ လုပ်ပြထားတာမျိုးပါ။
ဒါတောင် ထရမ့်အနေနဲ့ အခုနှစ်ပိုင်းတွေအတွင်း အမေရိကန် ဒေါ်လာ ၄၆ ဘီလျံအထိ ကုန်သွယ်မှု ကွာဟချက်ရှိနေတာကြောင့် ဒါကို ကာမိအောင် အမေရိကန် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို သွင်းကုန်အခွန်စည်းကြပ်မှု ထပ်လျှော့ချပေးဖို့ ထရမ့်က မိုဒီကို တောင်းဆိုနိုင်ပါတယ်။
ဒါပေမဲ့လည်း အတားအဆီးကနေပဲ အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။ နှစ်ဘက်လုံးမှာ သွင်းကုန်စည်းကြပ်မှုလျှော့ဖို့ ရည်ညွှန်းတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် လုပ်နိုင် မိုဒီက ထရမ့်ကို ဆွယ်ကောင်း ဆွယ်နိုင်ခြေရှိပါတယ်။
အခုနှစ်ပိုင်းတွေထဲ ကုန်သွယ်မှုအပေးအယူတွေကို ပြင်းပြင်းပြပြဖော်ဆောင်နိုင်ရေးတိုးတက်လာဖို့ ဒေလီအစိုးရပြသခဲ့ပါသေးတယ်။ အပေါ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ဖိအားတွေရှိ ခဲ့တဲ့ ဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ ကုန်သွယ်ရေးသဘောတူညီချက်ထက် ဆန္ဒပြင်းပြစွာပြောဆို ဆွေးနွေးလိုတဲ့ပုံစံကို ထရမ့်အစိုးရအဖွဲ့ဘက်က ထုတ်ပြလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်အနေနဲ့ကလည်း အထောက်အထားမဲ့အိန္ဒိယတွေကို ပြန်ခေါ်ဖို့ မိုဒီကို ပြောဆိုနိုင်ပါတယ်။ အမေရိကန်မှာ ရောက်နေတဲ့ အထောက်အထားမဲ့ အိန္ဒိယ ၇ သိန်းလောက်အထိ ရှိတယ်လို့ ခန်းမှန်းထားကြတာကြောင့် ဒါဟာ အမေရိကန်ကို ရောက်နေတဲ့တရားမဝင်တွေကြား အရေအတွက်အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအရေးဟာ ဒေလီအတွက် ကိုင်တွယ်တဲ့ရနရာမှာ သိမ်သိမ်မွေ့မွေ့နဲ့လုပ်ရဖို့ ဖြစ်နေပါတယ်။
အမေရိကန်ဟာ အိန္ဒိယနိုင်ငံသားတွေကို ခြေချင်းခတ်ပြီး ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယမှာ ဒေါသထွက်ကြပြီး လူအုပ်က လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့်ပဲ အိန္ဒိယအနေနဲ့ ပြန်ပို့ခံရမယ့် နိုင်ငံသားတွေ မျှမျှတတဆက်ဆံခံရစေဖို့ အမေရိ ကန်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ပြီးခဲ့တဲ့ တစ်ပတ်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ ရေနံတွေကို ပိုဝယ်ဖို့ ထရမ့် ကလည်း မိုဒီကို ပြောနိုင်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းကဆိုရင် အမေရိကန်ရဲ့ရေနံကို အများဆုံးဝယ်တဲ့နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုအကျိုးဆက်ကြောင့် ကမ္ဘာရေနံစျေးကွက် ကမောက်ကမဖြစ်တဲ့အခါ ဒေလီဟာ သူရဲ့ရင်းနှီးတဲ့ရုရှားဆီကနေ ရေနံကို စျေချိုချိုနဲ့ တင်သွင်းဝယ်ယူခဲ့ပါတယ်။
အိန္ဒိယက အမေရိကန်ဆီကနေ ရေနံ ဘယ်လောက်ဝယ် မလဲဆိုတာကလည်း စျေးနှုန်းအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
မိုဒီကလည်း စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး သူ့ အစီအစဥ်နဲ့သူ လာတာဖြစ်ပါလိမ့်မယ်။ အိန္ဒိယ နျူကလီးယား စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ပါ။ အဲဒီအတွက် နျူကလီးယားဆိုင်ရာတာဝန်ယူမှု ဥပဒေနဲ့ နျူကလီးယားစွမ်းအင်မစ်ရှင်အသစ်ကိုလည်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
နျူကလီးယားလောင်စာကို နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက်လာဖို့ ရည်ရွယ်ပါတယ်။
အိန္ဒိယဟာ ၂၀၃၀ ခုနှစ်ရောက်တာနဲ့ သူ့ရဲ့ စွမ်းအင်လိုချက် ပမာဏထက်ဝက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ ရရှိဖို့ ရည်ရွယ်ထားပါတယ်။
နျူကလီးယားလောင်စာမှာ ရင်းနှီးမြှုပ်နှံဖို့ ထရမ့်ကို တောင်းဆိုမှုက အလားအလာရှိတဲ့ စဥ်စားချက် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရုပ်ကြွင်းလောင်စာထက် ပိုသန့် ပေမဲ့ လက်ရှိမှာ ထရမ့် အစိုးရက ရင်းနှီးမြှုပ်နှံမှုကောင်းလို့ မမြင်ထားတဲ့ လေစွမ်းအင်နဲ့ နေစွမ်းအင်တို့ထက် စာရင်လည်း တစ်မျိုးတစ်ဘာသာ ဖြစ်နေတာကြောင့်ပါ။ အဲဒီနည်းပညာအကြောင်းကိုလည်း ဆွေးနွေးပါတယ်။
ဒါကလည်း သမ္မတဘိုင်ဒင်လက်ထက်ကတည်း အလျင်အမြန်တိုးတက်လာနေတဲ့ နှစ်နိုင်ငံကြားက ကဏ္ဍဖြစ်ပါတယ်။ အရေးပါပြီး ထွန်းသစ်စနည်းပညာရှေ့ဆောင်အစီအစဥ်(iCET) ကို ၂၀၂၂ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တာကြောင့်ပါ။
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးရဲ့အခြေခံအုတ်မြစ်အသစ်ဖြစ် ၂ နိုင်ငံလုံးက ရှုမြင်ကြတာကြောင့် ဖြစ်ပါတယ်။ iCET အစီအစဥ်ကို ၂ နိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးတွေက တိုက်ရိုက်ကြီးကြပ်ပြီး ဗျူရိုခရေစီယန္တရားတွေက ခက်ခဲတဲ့အရာတွေမှာ ပါဝင်လုပ်ဆောင်တာကို ရှောင်ရှားဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်ပဲ ခေါင်းဆောင်နှစ်ဦးဟာ နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အကြောင်းဖန်စေတဲ့ အချက်ဖြစ်ပါတယ်။
ထရမ်နဲ့ သူရဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ မိုက်ဝေါ့ဇ် တို့ဆီကနေ iCET ကို ဆက်ပြီး အကောင်အထည်ဖော်ရေးကို မိုဒီဘက်က တောင်းဆိုနိုင်ခြေရှိပါတယ်။ တရုတ်ကို တန်ပြန်ဖို့ အိန္ဒိယကို ကမ္ဘာ့နည်းပညာထောက်ပံ့ပို့ ကွင်းဆက်ကြီး တစ်ခုဖြစ်စေချင်တဲ့ ဝါရှင်တန်ရဲ့ဆန္ဒကို ကြည့်ရင် သူတို့ နှစ်ဦးဟာ နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြရဖို့ဖြစ်စေမှာပါ။
နည်းပညာပူးပေါင်းဆောင်ရွက်မှု မျက်နှာစာမှာလည်း မိုဒီက H-1B ဗီဇာစနစ်ကို ဆက်ထားဖို့ ထရမ့်ကို ပြောနိုင်ခြေရှိပါတယ်။ အဲဒီဗီဇာဟာ ထရမ့်ထောက်ခံသူ လူသိများကြသူ အချို့အပြင်းအထန် ကန့်ကွက်မှုရှိနေတဲ့ အဆင့်မြင့်အရည်အချင်းရှိသူနိုင်ငံခြားသားအလုပ် သမားတွေအတွက်ဖြစ် ပါတယ်။ အဲဒီဗီဇာကိုလည်း အမေရိကန်က အိန္ဒိယနိုင်ငံသားနည်းပညာအလုပ်သမားအများအပြား ရရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခြားနိုင်ငံတွေအနေနဲ့လည်း မိုဒီရဲ့ ဝါရှင်တန် ဆွေးနွေးမှုအတွင်း ပေါ်ထွက်လာနိုင်ပါတယ်။ အီရန် အရေးကလည်း အထူးဆွေးနွေးစရာ ဖြစ်နိုင်ပါတယ်။
ချာဘာဟာမြို့မှာ ဆိပ်ကမ်းတစ်ခုဖော်ဆောင်ရေးအတွက် အိန္ဒိယက အီရန်နဲ့ပူးပေါင်း လုပ်ဆောင်နေ ပါတယ်။ အဲဒါက အီရန်နဲ့ အာဖဂန်နစ္စတန်တို့ကနေတဆင့် အာရှဗဟိုချက်ကို ချိတ်ဆက်မှုအားကောင်းဖို့ ကျယ်ပြန့်တဲ့လုပ်ငန်းအစိတ်အပိုင်းတွေထဲက အိန္ဒိယရဲ့မဟာဗျူဟာလည်းဖြစ်ပါတယ်။
တီဟီရန်အပေါ် အမြင့်ဆုံးဖိအားပေးတဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ စာချွန်လွှာအကြမ်းကို အမေရိကန်အစိုးရအဖွဲ့ဘက်က ထုတ်ပြန်ခဲ့ပြီး အဲဒါဟာ ချာဘာဟာမှာ စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားပေးဖို့ အရိပ်အမြွက်ဖော်ပြထားခဲ့ပါတယ်။
အဲဒီအရာက ဒေလီအတွက် ဘာကို ဆိုလိုထားလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရဖို့ မိုဒီက အားထုတ်နိုင်ပါတယ်။ ယူကရိန်းနဲ့ ဂါဇာတို့က စစ်ပွဲတွေအပြီးသတ်ဖို့ မိုဒီရဲ့အရေးပါမှုကို နိုင်ငံခြားရေးမူဝါဒအရ အလေးပေး စံထားတာမျိုး ထရမ့်ကလည်း လုပ်ဆောင်လာနိုင်ပါတယ်။
ဒေလီဟာ စစ်ပွဲအဆုံးသတ်ဖို့ရန် ပြင်းပတဲ့ဆန္ဒ ရှိနေပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲအတွင်း မိုဒီရဲ့အခန်းကဏ္ဍဟာ ပူတင် သို့မဟုတ် ရုရှားအပေါ် ဝေဖန်မှု တစ်စုံတစ်ရာမှ မလုပ်ဘဲ စစ်ပွဲကိုရပ်တန့်စေဖို့တောင်းဆိုခြင်း ပုံစံမျိုးဖြစ်နေသလို ထရမ့်လည်းပဲ အလားတူဖြစ်ပါတယ်။
အိန္ဒိယနဲ့ ရုရှားရဲ့ အထူးဆက်ဆံရေးပြီးတော့ အစ္စရေးနဲ့ နီးကပ်တဲ့ဆက်ဆံရေးတို့ကလည်း မိုဒီက ပြင်ပအဖွဲ့အစည်းပုံစံနဲ့ ကြားဝင်ဖျန်ဖြေရေးအခန်းကဏ္ဍကနေ ပါဝင်လိုမှုရှိမရှိကို ထရမ့်အနေနဲ့ သိမြင်နိုင်ဖို့ လှုံ့ဆော်ပေး နိုင်ပါတယ်။ ပါဝင်ပတ်သက်နေသူတွေကလည်း အပြင်က ညှိနှိုင်းသူတွေ ပါဝင်မှုကို လက်ခံနိုင်မှသာ မိုဒီအနေနဲ့ အဆင်ပြေပြေ ပါဝင်လုပ်ဆောင်ပေးနိုင်ဖို့ အခွင့်အရေးရှိ နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ အခုအပတ်အတွင်း အချို့ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးမှုတွေဟာ အလွယ်တကူ ပျက်စီးလွယ်တာကြောင့်ဂရုပြုဖို့ လိုအပ်နေတာပါ။ ခေါင်းဆောင် ၂ ဦးလုံးကလည်း အကောင်းဘက်ကိုသာ ထိန်းသိမ်းရရှိလိုကြပါလိမ့်မယ်။
အဲဒါနဲ့ ပတ်သက်လို့ အင်ဒို-ပစိဖိတ် Quad အဖွဲ့ဝင်နိုင်ငံတွေက လိုအပ်တဲ့အတတ်နိုင်ဆုံးဖြေရှင်း ချက် ဖြစ်လာပါလိမ့်မယ်။
ဘေဂျင်းကို တန်ပြန်ဖို့အတွက် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျတို့ ပါဝင်တဲ့ အဲဒီအဖွဲ့ကို ထရမ့်က အားကောင်းကောင်းနဲ့ ထောက်ပံ့မှာပါ။
သမ္မတထရမ့်ရဲ့ ပထမသက်တမ်းတုန်းက Quad နှစ်စဥ် အစည်းအဝေးတွေကို နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ အလေးထားခဲ့ပြီး ဘိုင်ဒင်အစိုးရလက်ထက်မှာတော့ ခေါင်းဆောင်အဆင့်အစည်းအဝေးအဖြစ်အထိ မြင့်တင်ခဲ့ပါတယ်။
ဒီနှစ်အတွက် Quad အစည်းအဝေးကို အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ထရမ့်ကိုလည်း အစည်းဝေးတက်ဖို့ ဒေလီကို ဖိတ်ကြားပါလိမ့်မယ်။
ထရမ့်ဟာ နိုင်ငံတကာခရီးတွေကို သွားလေ့သွားထနည်းသူဖြစ်ပေမဲ့ အိန္ဒိယခရီးစဥ်ကိုတော့ သူကြိုးစားကောင်း ကြိုးစားပါလိမ့်မယ်။ မိုဒီနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်း စေဖို့နဲ့ အခုသတင်းပတ်အတွင်း ဝါရှင်တန်ကို သယ်ဆောင်လာမယ့် နှစ်နိုင်ငံအကြားရောင်းဝယ် ဖောက်ကားမှုဆိုင်ရာအရေးအရာကိစ္စတွေရဲ့ နောက်ကွယ်အကြောင်းတရားတွေအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စစတဲ့ များစွာသောအကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။
မိုက်ကယ် ကူဂယ်မန်းဟာ ဝါရှင်တန်မှာရှိတဲ့ ဝီလ်ဆင် စင်တာက အရှေ့တောင် အာရှအင်စတီကျူ့ရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။











