ယူကရိန်းနဲ့ ရုရှားခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ထရမ့်ကြိုးပမ်းမယ်

ယူကရိန်းနဲ့ ရုရှားခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ထရမ့်ကြိုးပမ်းမယ်

ယူကရိန်း သမ္မတ ဇလန်းစကီးအပါအဝင် ဥရောပ ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့အပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတနဲ့ ယူကရိန်း သမ္မတို့ တွေ့ဆုံနိုင်ရေး စီစဉ်ပေးဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အဲဒီနောက်မှာ ၃ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲပါ လုပ်ဖို့ အတွက် ရည်မှန်းထားပါတယ်။ ဥရောပဘက်ကတော့ အဲဒီ အလားအလာတွေနဲ့ ပတ်သက်လို့ သတိကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ မနေ့က ကျင်းပခဲ့ကြတဲ့ အိမ်ဖြူတော်က တွေ့ဆုံပွဲမှာလည်း အပစ်ရပ် သဘောတူဖို့ လိုအပ်ပုံနဲ့ ခိုင်မာတဲ့ လုံခြုံရေး အာမခံ ပေးနိုင်ဖို့ ကိစ္စတွေကို အလေးပေးပြီး ပြောခဲ့ကြပါတယ်။ ဘီဘီစီ သတင်းထောက် အရုဏ်နိုဒေး မူခါဂျီရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။