ထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ရှိ
ထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ရှိ
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဥ်းထောင်တွေထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၁၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံလောက်တဲ့ ဆေးကုသမှု မရခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့သူတွေလည်း ပါဝင်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်လာပါတယ်။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ စိုးရိမ်မှုတွေ ရှိလာကြပါတယ်။ ဒီအကြောင်းတွေကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။



