ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်အိုင်ယာလန်မှာ ပင်လယ်ကြက်တူရွေးငှက်တွေကို ပြန်တွေ့ရ
မြောက်အိုင်ယာလန်မှာ ပင်လယ်ကြက်တူရွေးငှက်တွေကို ပြန်တွေ့ရ
မြောက် အိုင်ယာလန်က မတ်က် ကျွန်းစုမှာ Puffin လို့ ခေါ်တဲ့ ပင်လယ် ကြက်တူရွေးငှက်တွေကို ဆယ်စုနှစ်အတွင်းမှာ ပထမဆုံး အကြိမ် ပြန်မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အဲဒီကျွန်းကိုလာပြီး ငှက်ဥတွေ ဖောက်စားလေ့ ရှိတဲ့ ကြွက်ညိုကြီးတွေကို နှိမ်နှင်းတဲ့ အစီအစဉ်ရဲ့ ရလဒ်ကြောင့်လည်း ဖြစ်ပါတယ်။ လာမယ့်နှစ် နွေရာသီကျရင် အဲဒီ ပင်လယ် ကြက်တူရွေးငှက်တွေကို ပို မြင်တွေ့လာရနိုင်တယ်လို့ ဘေးမဲ့တော ထိန်းသိမ်းရေး ဝန်ထမ်းတွေက ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဆာရာ ဂါဗင်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။