ရာဖာက စစ်ဘေးရှောင်တွေ ဖယ်ဖို့ အစ္စရေးပြော

ဗီဒီယို ပုံစာ, ရာဖာက စစ်ဘေးရှောင်တွေ စတင်ထွက်ခွာ
ရာဖာက စစ်ဘေးရှောင်တွေ ဖယ်ဖို့ အစ္စရေးပြော

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန် ယာဟုက ဟားမတ်စ်ရဲ့ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကို အနိုင်တိုက်ဖို့က ရာဖာကို စစ်ဆင်ရေး ဆင်နွှဲဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာ ရှိနေကြတဲ့ အရပ်သား ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဲဒီ ရာဖာမှာ ခိုလှုံနေကြသူ ပြည်သူ ၁.၄ သန်း ရှိနေကြပါတယ်။ အဲဒီထဲက အများစုဟာ ဂါဇာရဲ့ တခြားဒေသတွေကနေ ဘေးလွတ်ဖို့ ရာဖာကို ရှောင်လာကြသူတွေ ဖြစ်ပါတယ်။ ဘီဘီစီ အထူးသတင်းထောက် ဖာဂါ ကီန်းရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။