ပြင်သစ်ရွေးကောက်ပွဲ လက်ယာစွန်းတွေ ဦးဆောင်
ပြင်သစ်ရွေးကောက်ပွဲ လက်ယာစွန်းတွေ ဦးဆောင်
ပြင်သစ် ပါလီမန် ရွေးကောက်ပွဲတွေရဲ့ ပထမအဆင့် ကျင်းပခဲ့ရာမျာ လက်ယာစွန်း သမားတွေက ဦးဆောင်နေပါတယ်။လက်ယာ သမားတွေရဲ့ နေရှင်နယ် ရယ်လီ ပါတီက မဲစုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကို ရခဲ့ပါတယ်။ သမ္မတ မက်ကရွန်းရဲ့ ပါတီမဟာမိတ်တွေကတော့ တတိယနေရာကို ရောက်သွားပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ဒုတိယအဆင့် ရွေးကောက်ပွဲတွေကို ကျင်းပမှာ ဖြစ်ပြီး အဆုံးအဖြတ် ရလဒ်ကို သိရဖို့ သီတင်းပတ် များစွာ ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။ ပါရီမြို့က အင်ဒရူး ဟာဒင်း ပေးဖို့ထားတဲ့ သတင်းကို ကို ကျော်ဇေယျက ပြောပြမှာပါ။



