ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါပူဝါ နယူးဂီနီ မြေပြိုမှု ၁၃ ဦးသေဆုံး
ပါပူဝါ နယူးဂီနီ မြေပြိုမှု ၁၃ ဦးသေဆုံး
ပါပူဝါနယူးဂီနီက ဝေးလံခေါင်သီတဲ့ ဒေသတွင်းက ရွာတရွာမှာ မြေပြိုကျခဲ့တာကြောင့် လူပေါင်း ၂၀၀၀ ကျော် မြေအောက်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပါပူဝါနယူးဂီနီရဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ရေး အေဂျင်စီကလည်း ကုလသမဂ္ဂကို တင်ပြထားပါတယ်။ အန်ဂါ ပြည်နယ်ထဲမှာ မြေထု အခြေအနေတွေက မတည်ငြိမ်သေးတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း နှောင့်နှေးနေရပါတယ်။ ဘီဘီစီသတင်းထောက် ကေတီဝပ်ဆင် ဆစ်ဒနီမြို့က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။